အပြောင်းအလဲကိုကြိုက်ပီး ပြောင်းလဲလို့ရတာမှန်သမျှ ပြောင်းလဲချင်တဲ့ ကိုယ်...
နောက်ထပ် ဘလော့သစ်ကိုမွေးဖွားလိုက်ပါပီ..။ လောကမှာ ပြောင်းလဲလို့မရတာ စိတ်ဓာတ်နဲ့ သစ္စာတရားပဲဆိုတော့...

ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေအားလုံးကို အရမ်းကြိုက်တဲ့ ကိုယ် ပြောင်းပြန်ပီ..နားလည်ပေးကြပါကုန်။
ဘလော့လေးကို အကျီအသစ်မဝတ်ရရင်လဲမနေနိုင်တဲ့ကိုယ်.. အခု အသစ်အသစ် အားလုံးအသစ်တွေနဲ့ မိတ်ဆက်လိုက်ပါပီ..
ကိုယ့်ကို ခင်သလို နောက်ထပ်ကိုယ့်ရဲ့ ကိုယ်ပွါးဘလော့လေးကိုလည်း လာရောက်အားပေးကြပါလို့..။

ကျေးဇူးပြု၍ လင့်ချိတ်ထားသူများ နောက်ထပ် ဘလော့အသစ်လေးကို လင့်ချိတ်ပေးပါလို့..အားနာစွာနဲ့ပဲ ခင်လဲခင်တယ် အားလဲနာတယ်ဆိုသလို...ဟီး(သွားဖြဲပြတာ) ရီဒါမှဖတ်သူများလည်း ကျေးဇူးပြု၍ ပြောင်းပေးကြပါနော်..

ဘလော့လိပ်စာလေးက

http://minglarmomiji.blogspot.com/

ဘလော့ကတော့ ပြင်ဆင်ဆဲပါ..

presentation အတွက်ရယ် special training နဲ့ခရီးတို တခုထွက်မှာမို့... စာအသစ်လေးတွေကတော့ လာမည်..ကြာမည်ပေါ့နော်..။

အပြည့်အစုံသို့ »

ဒိလို လုပ်ရပ်ကို ကိုယ် သိပ်မုန်းပါသည်။ လက်လဲမခံပါ။ အဆင့်အတန်းမရှိသော သူတယောက်၏ လုပ်ရပ်ဟုလည်း မြင်ပါသည်။ နာမည်ကို မှတ်ပုံတင်၍​မရသော်လည်း ဒီနာမည်နှင့်တူသည့် နာမည် လောကမှာ ရှားပါးမှာတော့ အမှန်။ တူသည်ပဲထားပါဦး ကိုယ့်နာမည် ၄လုံးစလုံး တူသည်ကတော့ သိပ်ကိုလွန်
သည်။
Facebook တွင်ရှိသော ယုယမြတ်နိုးသည် ယခုပို့စ်နှင့်အတူ ကိုယ်မဟုတ်ကြောင်း ကြေငြာပါသည်။

Facebook နှင့်ပက်သက်၍

ဒီနေ့ ကိုယ် facebook မှာ ကျင်လည်ဖြစ်သည်..။ ဟိုရှာ ဒီရှာ..ပေါ့..။ အကြောင်းက ကိုယ့်ဆီကို ဆက်သွယ်လာကြသော သူများကြောင့်…
ဒါနဲ့ ကိုယ် အဲဒီမှာ အတော်ကြာကြာ ဝင်မွှေဖြစ်သည်။
ပီးတော့ သူငယ်ချင်းများဆီမှာ ကော်မန်တွေ ပေးးဖြစ်သည်။


အဲဒီနေရာမှာ ကိုယ့် အကောင့် ၂ခုရှိသည်။ ၂ခုရှိရခြင်းအကြောင်းမှာ..

ကိုယ်က မည်သည့် ဖိုရမ်ကိုမှ ဝင်လဲမဝင် သွားလဲမသွား အွန်လိုင်း ပြသနာ များကို ကြောက်သလို ကြီးကျယ်သည့် စိတ်အခံကလည်း ရှိသေးသည်လေ..။
လူတိုင်းကိုလဲ မခင်နိုင် သလို စိတ်မပါပဲ ဟန်ဆောင်ပီး နုတ်ဆက်ချင်သူမဟုတ်ခဲ့..။ ယနေ့အထိ ဝင်ဖူးသောဖိုရမ်ဆိုလျှင် လက်ချိုးရေလို့ရသည်ပင်။ မြန်မာ အင်ဂျင်နီယာဖိုရမ် သို့ တခါတလေ ဝင်တတ်သည်။ မြန်မာနေးတစ်ဖ် ဖိုရမ်သို့လည်း စာတွေ သွားဖတ်တတ်သည်။
ကိုယ် ရှုပ်ရှုပ် ရှက်ရှက် သိပ်မလုပ်ချင်။ ကိုယ်က တိတ်တိတ်လေးပဲ စာဖတ်ပြန်ချင်သူလေ..။

ဒီလိုနဲ့  ကိုယ့်သူငယ်ချင်းတယောက်က ကိုယ့်ကို ဒီfacebookလင့်လေးပေးတော့ ကိုယ် လက်ခံမိသည်။
သို့သော် ကြောက်တတ်သည့် စိတ်အခံကြောင့် ကိုယ် အင်ဂျင်နီယာ သက်တမ်းတလျှောက် နာမည် ကြီးခဲ့သည့် နစ်ဖြင့် ကိုယ် အကောင့်ဖွင့်သည်။ အင်ဂျင်နီယာသူငယ်ချင်း တိုင်း ကိုယ့်နာမည်ပြောင်ကို သိကြသော်လည်း
ကိုယ့်နာမည် အရင်းကိုတော့ မသိကြ။ ဒီမှာ သူငယ်ချင်းများစွာ အပြင် နိုင်ငံခြားသား သူငယ်ချင်းများ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်များ ပီးတော့ ကိုယ့်ရဲ့ တခြားနယ်ပယ်က ခင်မင်ခဲ့သူ သူငယ်ချင်းများ စတိတ်တုန်းက သူငယ်ချင်းများစွာအတွက် ကိုယ့်နာမည်အမှန်ဖြင့် နစ်တခု ဖွင့်ရမည် ဖြစ်ကြောင်း သဘောပေါက်လာသည်။ ဒီတော့ ကိုယ် နာမည်အမှန်ဖြင့် နစ်တခုဖွင့်ဖြစ်သည်။ ထိုအထဲမှာ ပါစင်နယ် ပုံအချို့ အစကတော့ တင်ဖြစ်သည်။ အခုနောက်ပိုင်း တင်ရမှာ ကြောက်လာ၍ ဘာပုံမှ မတင်တော့..။ ထို့ကြောင့် facebook တွင် ကိုယ့်နစ်၂ခုဖြစ်သွားသည်။ နာမည်ရင်းဖြင့်သာ သုံးသည့်အတွက် ကျန်တခုကိုတော့ ကိုယ် ဝင်ကို မကြည့်တော့ ။

ကိုယ် ဘလော့နှင့်ပက်သက်၍ ပြောပြစရာ ရှိသည်။ ကိုယ်က နဂိုထဲက ဖြစ်နိုင်ရင် ပုံမှန်လေးပဲ နေချင်သူ။
ဘလော့ဂါဒေးဘာဒေး လာမမေးနှင့် ကိုယ်စိတ်မဝင်စားလှချင်။ ဒါတောင် ဘလော့ဂါ အစည်းအရုံးဆိုလားဘာလား သေချာမသိတော့ ကိုယ့်သူငယ်ချင်းက အတင်းဝင်ဖို့ တိုက်တွန်းတော့ ကိုယ် ဝင် ဖြစ်သွားသည်..။ သို့သော် ထိုအထဲမှာလည်း ကိုယ်သည် တသီးပုဂ္ဂလ။ တခါတလေမှသာ စာသွားဖတ်လေ့ရှိသည်။ ထို့နောက် ကိုယ့်ဆီ မကြာမကြာရောက်လာသော facebook ဖိတ်စာ.. ကိုယ်ဘယ်တုန်းကမှ လက်မခံခဲ့..။

သို့သော် .. ဒီနေ့ ကိုယ့်blogနာမည်ကို အဲဒီနေရာမှာတွေ့တော့ ကိုယ် အံ့သြမိသည်.. ကိုယ့်နာမည်နှင့် facebook တွင် တကယ်ရှိနေသည်..။ အံ့သြမိပါသည်။
ပီးတော့ ကိုယ်သိပ်ကြောက်ပါသည်။ သူသည် ကိုယ့်နာမည်နှင့် ဘာတွေများ ယူသုံးပါသနည်းးး ကိုယ်မသိ..။ ကိုယ် သိက္ခာကျစရာ ဘာတွေများဖြစ်နေပီလဲ ကိုယ်မသိ။
လူတူမရှား နာမည်မတူမရှားဆိုရအောင် နာမည်၎လုံးစလုံး တူ သည်ကား လွန်လွန်းလှသည်။
နေရပ်ကို ကြည့်ပြန်တော့လည်း ဂျပန်ဆိုပဲ..။ ဘုရားသခင် ဟုသာ ယောင်ယမ်းတမိပြန်သည်..။


သူငယ်ချင်းကိုပြောတော့ ကိုယ့်နာမည်ကို ပြောင်းပစ်လိုက်တော့တဲ့.. ကိုယ်က ပြောသည် ကိုယ် ပြောင်းပီးသွားပီဆိုတော့ သူက ထပ်ပြောသည် ဒါလဲ တူခဲ့ရင် ဘယ်လို လုပ်မလဲတဲ့.. ။ ယုယ ဆိုသည့် ဘလော့ဂါတယောက်တောင် ပေါ်နေတဲ့ဟာပဲတဲ့..သူက ထောက်ပြသည်.။ ဒီတော့ သူက ကိုယ့်ကို အကြံပေးသည်.. ဂျပန်နာမည်တခုပြောင်းတဲ့..။ ကိုယ် စဉ်းစားရ ပီ..။ လောလောဆယ်တော့ နာမည်တမျိုး စဉ်းစားထားပီး ဖြစ်သည်။

ထို့ကြောင့် ကိုယ် အခုအချိန်မှစကာ ကြေငြာပါသည် ။ ကိုယ်.. နာမည်ကို ပြောင်းမှ ဖြစ်ပေတော့မည်..။ ဘလော့ လိပ်စာပါ ပြောင်းရပေလိမ့်မည်..။ ကိုယ်မြတ်နိုးသော ကိုယ့်နာမည် ကို ကိုယ်တကယ်က မပြောင်းချင်ပါ။ အဘယ်ကြောင့် ကိုယ့်နာမည်ကို ယူသုံးကြပါသနည်းးးးးးး။
လောကတွင် မှည့်စရာ နာမည် ရှားပါးကုန်ကြပီလားးး..။ ဒါမှမဟုတ်.. မည်သို့သော အကြံ.. မည်သို့သော အကြောင်းများဖြင့် ယခုကဲ့သို့ ကိုယ့်နာမည်ကို ယူသုံးကြပါသနည်း..။

Facebook တွင်ရှိသော ယုယမြတ်နိုးသည် ယခုပို့စ်နှင့်အတူ ကိုယ်မဟုတ်ကြောင်း ကြေငြာပါသည်။

I always care all my real and nick name.

အပြည့်အစုံသို့ »

ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
အရိပ်ကလေးလို..
တွယ်ငြိလျက်သာ
ကိုယ့်ရင်မှာရှိ
သူ..မသိလဲ..ရှိပါစေလေ..။
နှလုံးသားမှာ..
ထာဝရ ပုံရိပ်
အမြဲဖြစ်တည်..
မိုးနတ်မြေတို့ သက်သေတည်။

မြတ်နိုး

မြတ်နိုးဆိုတာ ..အာဒံလေးအတွက် အမြဲ ရှင်သန်နေလျက်ပါ။
စူးလို့.. နာမည်ပြောင်းလိုက်တော့ ကဗျာလေးတွေကို ချစ်တတ်တဲ့ ကိုယ် ကဗျာလေးတွေကို ပြန်လည်ရေးစပ်ချင်လာခဲ့ပီ..။

အပြည့်အစုံသို့ »



ကိုယ် ဂျပန်မလာခင်တည်းက ဆရာမ က ဂျပန်မှာ သမီး ဆံပင်ညှပ်ဖြစ်အောင် ညှပ်နော်။ မနှမျောနဲ့တဲ့။ အရမ်းလှတယ်တဲ့..။နားထောင်ရမှာပေါ့..လှမယ်ဆိုတာကိုးးး..ဒါပေမဲ့ နှမျောစိတ်အခံလေးနဲ့..ဆိုတောလည်း..ဆံပင်ညှပ်ခဈေးကြီးမယ်ဆိုတာ သိလို့ လာကတည်းက အတိုကပ်ကပ်လေး ညှပ်လာခဲ့ပေမဲ့ ၄ လလောက်ရောက်တော့ ဆံပင်က ရှည်လာပီ.. ။ ဒီတော့ ထုံးစံအတိုင်း မညှပ်ခင် စပီးစုံစမ်းပါတော့တယ်။

ဆံပင်ညှပ်ဆိုင်က အစားစားရှိပါတယ်။ ယောကျာင်္းမိန်းမ ၁၀၀၀ ယန်းနဲ့ ညှပ်လို့ရတဲ့ ဆိုင်လဲ ရှိပါတယ်။ တချို့ယောကျာင်္းလေးဆိုင်က သီးသန့် ယန်း၁၀၀၀ ဆိုင်လဲ ရှိပါတယ်။ အလကားညှပ်ပေးတဲ့ အချိန်လည်း ရှိပါတယ်။ အလကားညှပ်ပေးတယ်ဆိုတာ သင်တန်းပီးခါစ လေးတွေက ညှပ်ပေးတာပါ။ တနှစ်ကို ၂ကြိမ် အလကားညှပ်ပေးပါတယ်။ အဲဒီမှာ ညှပ်ချင်ရင် စာရင်းကြိုပေးရပါတယ်။ ကျောင်းတွေမှာ ကြော်ငြာလာကပ် ထားပါတယ်။ ပုံမှန်ဆိုင်တွေကတော့ ယန်း ၄၅၀၀ က စပါတယ်။ တခါတလေမှာ ဆိုင်ဖွင့်လို့ပဲ ဖြစ်ဖြစ် မိတ်ခေါ်ချင်လို့ပဲ ဖြစ်ဖြစ် ၂၀ % ဈေးလျှော့ပေးလေ့ရှိတဲ့ အချိန်တွေရှိပါတယ်။ အဲဒီ၄၅၀၀ ထဲမှာ ခေါင်းလျှော်တာပါ လုပ်ပေးပါတယ်။ ဆေးဆိုးတာက သပ်သပ်ပေးရပါတယ်။
တချို့ဆိုင်တွေက ကျောင်းသားကဒ်နဲ့ discount ချပေးတတ်တဲ့ဆိုင်တွေလည်း ရှိပါတယ်။

ဆိုင်တော်တော်များများရဲ့ လုပ်ထုံးကလေး တခုရှိပါတယ်။ promoting ပေါ့။ ဆိုင်ရဲ့ member တယောက်အနေနဲ့ ဆက်သွယ်ပေးတဲ့ လူသစ်တယောက်ဆိုရင် အဲဒီလူအတွက် ၁၀% လျှော့ပေးသလို ရှာပေးတဲ့ ကိုယ့်ကို လဲ ၁၀% လျှော့ချပေးပါတယ်။ တဆိုင်နဲ့တဆိုင် လျှော့ပုံခြင်းတော့ မတူ ကြဘူးပေါ့နော်။တချို့ဆိုင်တွေက စစညှပ်ခြင်းကို ဈေးလျှော့ပေးတယ်။ လူသစ်ကို ဆွဲဆောင်တဲ့အနေနဲ့ပါ။ ၂၅၀၀ လောက်နဲ့ ညှပ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်တခေါက် ညှပ်ရင်တော့ ၃၀၀၀ အထက် ဖြစ်သွားပါတယ်။အဲဒီလိုမျိုးဆိုင်တွေလဲ ရှိပါတယ်။ ဒါကြောင့် တချို့သူငယ်ချင်းတွေက အချိန်တိုင်းလူသစ်အနေနဲ့ပဲ လုပ်တတ်ပါသေးတယ်။ ဆံပင်ဖြောင့်တာလဲ ဈေးကအစားစားရှိပါတယ်။ ဆေးဆိုးတာက တော့ ဈေးသိပ်မများလှပါဘူး ဆိုပေမဲ့…ဆိုပေမဲ့ ..ပေါင်းလိုက်ရင် ယန်း တသောင်းနီးပါး ကျပါတယ်။

ဆိုင်တိုင်းမှာ များသောအားဖြင့် member တွေကို တနှစ် ၂ခါလောက် ၂၀% လောက်လျှော့ချပေးလေ့ရှိပါတယ်။ တခေါက်က ဆိုင်ရဲ့ တနှစ်တခါ ဈေးလျှော့တာပါ။ တခုကတော့ ကိုယ့်ရဲ့မွေးနေ့မှာ လျှော့ချပေးခြင်း ဖြစ်ပါတယ်။ ဝန်ဆောင်မှူတမျိုးပေါ့။

ကိုယ်တို့အိမ်နားမှာ ဆံပင်ညှပ်ဆိုင်တွေ အများကြီး ရှိပါတယ်။ ကိုယ်းနဲ့ ခင်တဲ့ အိမ်ရှာပေးတဲ့ ကုမ္ပဏီက ဂျပန်မကို မေးပီး ဘယ်ဆိုင်မှာ ညှပ်တာလဲ မေးတယ်.သိသမျှ ဂျပန်မတွေကိုမေးတယ်။ ပီးတော့ ဆိုင်ရှေ့တွေမှာ လမ်းသလားတယ်။ အခြေအနေကြည့်တာပေါ့။ နောက်ဆုံးတော့ ဆိုင်တဆိုင် ကို ရွေးလိုက်မိပါတယ်။ ကိုယ့်ရဲ့ ရွေးချယ်မှူ က ကောင်းသွားတယ်ပဲ ဆိုရမယ်။ ဆံပင်က ဘာမျှ ထွေထွေထူးထူး မဖြီးရပဲနဲ့ ပုံကျနေလို့ပါပဲ။ တခြားသူငယ်ချင်းတွေကတောင် သဘောကျကြပါတယ်။ ဆံပင်က ရှည်လေ ပုံပိုကျလေပါပဲ။

ကိုယ်ပထမဆုံး ဆံပင်ညှပ်ဆိုင်ကို သွားတာလေး ပြောပြပါရစေ။ ဆိုင်ကို ခပ်တည်တည်နဲ့ ဝင်သွားပါတယ်။ ဆိုင်ထဲကိုဝင်တာနဲ့ ဘယ်သူကမိတ်ဆက်ပေးလို့လဲလို့ မေးပါတယ်။ မေးပီး လိုအပ်တာတွေ လုပ်ပေးပီး member ကဒ်လေး ထုတ်ပေးပါတယ်။ တကယ်တော့ ကိုယ့်ဘာသာကိုယ် မိတ်ဆက်ပီး သွားညှပ်တာပါ။ ဘယ်သူမှ မိတ်ဆက်ပေးတာမဟုတ်ပါဘူး။ ပီးတာနဲ့ ကိုယ့်ရဲ့ အကျီတွေ အိတ်တွေကို လာယူ သွားပီး ဘီဒိုလေးထဲသူတို့ကိုယ်တိုင်ထည့်ပေးပါတယ်။ ကိုယ့်ကို သော့လေးတခုပဲ လာပေးတယ်လေ.။ ကိုယ့်အလှည့်မရောက်သေးတော့ စောင့်နေရတာပေါ့။ အဲဒီမှာ သိပ်လှတဲ့ အန်တီလှလှလေးက ဆိုင်ပိုင်ရှင်ပေါ့။ သူက အိုဆာကာက ဆံပင် အလှပြင်တဲ့ တက္ကသိုလ်မှာလဲ ဗုဒ္ဓဟူး နေ့ တိုင်း စာသွားသင်ရတယ်။ အသက်ကတော့ ၆၀ ကျော်ပီ။ အရမ်းလှတာပဲ ခန္ဓာကိုယ်လေးကလဲ မဝဘူး။ ရေလည်မိုက်တယ်။ သူ့ဆိုင်မှာ တခြားသူတွေလဲ ရှိသေးတယ်။(ပီးတော့ ကိုယ်က ယောင်္ကျားတယောက် ရဲ့ အလှပြင်တာပဲဖြစ်ဖြစ် ဆံပင်ညှပ်တာပဲ ဖြစ်ဖြစ် အကိုင်မခံနိုင်ပါဘူး။ သူတို့နဲ့ ပြင်မှ လှမယ်ဆိုလဲ နေပါစေလေ လူစားမျိုးပါ) ဒါပေမဲ့ ကိုယ်က အန်တီနဲ့ပဲ ညှပ်မယ်ဆိုပီး ပြောတာ။ ညှပ်ရင်းပြောရင်းနဲ့ တထိုင်တည်း ခင်သွားပါတယ်။ ဟိုအကြောင်း ဒီအကြောင်း ပြောပီး ဆံပင်ညှပ်ဆိုင်မှာ လူလိုတယ်ဆိုတဲ့ အဆင့်ထိ ရောက်ပါတယ်။ ဂျပန်က ဆံပင်ညှပ်ဆိုင်တွေမှာ လူလိုလေ့ရှိတယ်ဆိုတာ တလက်စတည်း ပြောပါရစေ။ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်နဲ့ အလုပ်ရှာမယ်ဆို အဆင်ပြေနိုင်ပါတယ်။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ပေါ့။ ဂျပန်လိုတော့ တတ်ဖို့ လိုပါမယ်။

အဲဒီအန်တီကို ကိုယ်က သိပ်ပြောစရာမလိုဘူး။ ကိုယ်နဲ့ လိုက်မဲ့ပုံ ပီးတော့ ညှပ်ပီးရင် လှနေဖို့ ပဲ လေ..။ အဲလိုပြောပီး ညှပ်တာပါ။ ပုံတွေကိုလည်းသေချာကြည့်တာပေါ့..။ ဘာလို့လဲဆိုတော့ အနောက်ကပုံစံကလဲ လိုသေးတယ်လေ..။ သူကလဲ သေချာညှပ်ပေးပါတယ်။ ကိုယ်ကတော့ ညှပ်တိုင်းသူနဲ့ပဲ ညှပ်တယ်။ သူမအားရင် မညှပ်ဖူး။ ညှပ်ခက ဈေးကြီးတော့ အမြဲလဲ မညှပ်နိုင်ပါဘူး။ တနှစ်ကို ၃ခါ လောက်ပါပဲ။ လှချင်တာကိုး..။ ဆံပင်ဆေးဆိုးတာကလဲ အမြဲမဆိုးရဲဘူး။ ဆေးဆိုးတာ ဆံပင်သား တွေ ကြမ်းတတ်တယ်လေ။ တခါလားပဲ ဆိုးဘူးတယ်။ ဒီက ဂျပန်မတွေက နေ့တိုင်းခေါင်းလျှော်ကြပါတယ်။ ကိုယ်က နေ့တိုင်းခေါင်းမလျှော်ချင်လို့ မေးလို့ ပြောပြတာပါ။ ပီးတော့ ဂျပန်မလေးတွေ အထက်တန်းကျောင်းသူလေးတွေရဲ့ ဆံပင်ကအမြဲ ဖြောင့်နေလို့ မေးကြည့်လိုက်တော့ သူတို့က မနက်တိုင်း ဖြောင့်စက်နဲ့ ဖြောင့်တာလို့ ပြောပါတယ်။ သြော်…ဒါကြောင့် သူတို့လေးတွေ ဆံပင်က အမြဲ ဖြောင့်နေတာကိုး..။ဆံပင်အရမ်းကျွတ်လို့ စိတ်ပူပီး မေးဖြစ်ပါသေးတယ်။ ရာသီဥတု ပြောင်းလို့ ကျွတ်တာပါတဲ့။ စိတ်ပူစရာ မရှိပါဘူးလို့ ပြောလို့ ….စိတ်သက်သာရာရသွားတယ်။ အခုတော့လဲ.. ဆံပင် ဘယ်လောက်ကျွတ်ကျွတ် ..နေသားကျသွားပါပီ။

ဆံပင်ညှပ်ဆိုင်ကို သွားမယ်ဆို ဘိုကင်လုပ်ထားရင် ထိုင်စောင့်စရာမလိုတော့ဘူးပေါ့။ မေးလ်ကနေလဲ လုပ်လို့ရပါတယ်။ ဖုန်းကနေလဲ လုပ်လို့ရပါတယ်။

ဆံပင်ညှပ်တဲ့အခါ အသုံးပြုတာကလဲ ကပ်ကြေးတလက်ပဲ ကိုင်တာပါ။ ကပ်ကြေးရဲ့ အဖျားကလေးကိုပဲ အသုံးပြု့ပီးညှပ်ပေးတာပါ။ ညှပ်ပီးမှ ခေါင်းလျှော်ပေးတာပါ။တခါတလေကျတော့လဲ ခေါင်းလျှော်ပီးမှ ညှပ်ပါတယ်။ ကြည့်ရတာ အလျှင်းသင့်သလို ထင်တာပဲ။ ခေါင်းလျှော်ချိန်မှာ ရေနွေးစွတ်ထားတဲ့ ပုဝါကလေးကို ဂုတ်ပေါ်တင်ပေးထားပါတယ်။ ပီးတော့ မျက်နှာကိုလည်း လက်ကိုင်ပုဝါပါးလေးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းလျှော်တဲ့အခါ ရေနွေးစပ်တာ အဆင်ပြေမပြေ မေးပါတယ်။ ပီးမှ အခြောက်ခံ ပေးပါတယ်။ နှိပ်ပေးတာလေးက အရမ်းခံလို့ ကောင်းပေမဲ့ အချိန်သိပ်မကြာလှပါဘူး။ မြန်မာပြည်ကို ခေါင်းလျှော်ရင်သတိရပါတယ်။ ဘာပဲဖြစ်ဖြစ် နာရီဝက်လောက်တော့ ဇိမ်ခံလို့ရတယ်လေ။ ပီးရင် ဆံပင်ညီမညီကို သေချာ ပြန်ညှိပေးပါတယ်။ ပီးရင် wax နဲ့ ဆံပင် ကိုလိမ်းပီး ပုံသွင်းပေးပါတယ်။ ဘီးလုံးဝမကိုင်ပါဘူး။ ညှပ်တုန်းကပဲ ဘီးကိုင်ပါတယ်။ ဆံပင်ပုံစံတွေကွာလို့လဲ ဖြစ်နိုင်ပါတယ်။ အံ့သြစရာပဲနော်။

ဆံပင်ကတော့ ရှည်လာလေ ပုံကျလေပါပဲ။ တကယ်ပါ။ အံ့သြစရာ ကောင်းပါတယ်။ ကိုယ်ဆို ခေါင်းကို လုံးဝမဖီးပါဘူး.။ ခေါင်းလျှော်ပီး dryer နဲ့ လုပ်ပီး ဆံပင်ကို ဖွလိုက်ယုံပါပဲ..။ ဒါပေမဲ့ ဆံပင်က ဘယ်တော့မှ ဘုတ်သိုက် ဖြစ်မနေတာတော့ … တကယ်ပဲ … ကျေနပ်စရာပါ။ ခုချိန်ထိ ဘီးလုံးဝကောင်းကောင်းမရှိပါ။ အိမ်မှာနေရင်တော့ အဆူခံရမှာသေချိာပေမဲ့ ဒီမှာတော့ ခေါင်းရှုပ်ပွ မနေဘူး..။
အဲဒါကြောင့် ဂျပန်ရောက်ရင် ပျိုမေတို့လှဖို့ ဆံပင်ညှပ်ကြဖို့ တိုက်တွန်းပါရစေ..။

ရေးထားတာ တော့ တော်တော်လေးကို ကြာခဲ့ပါပီ..။ဒီနေ့မှ တင်လိုက်တာပါ..။

နောက်ဆက်တွဲ လက်ရှိ အခြေအနေ...
အခုတော့ ဆံပင်ညှပ်ပေးတဲ့ အန်တီကြီးကို မှန်ကြည့်တိုင်း စိတ်တိုနေပါတယ်။ ဘာလို့ဆိုတော့ သူက ကိုယ်ကြိုက်တဲ့ မညီမညာဆံပင်ပုံ မညှပ်ပေးလို့ပါ..။ ကိုယ်နဲ့က အတိုပုံစံမျိုးစုံလိုက်ဖက်ပေမဲ့ အတိုထဲမှာမှ ကိုယ်ကတော့ မညီမညာပုံကို ပိုကြိုက်တာကိုး..။(အခုဆို ဆံပင်က ပွတာ သိပ်သိသာပါတယ်။ မညီမညာဆိုရင်ပွတာ မသိဘူးပေါ့..။ အဟုတ်ပဲ စိတ်တိုပါတယ်..အဲ့အန်တီကို..ဟွန်း။) ဒါကြောင့် တနေ့ ၂ခါ ခေါင်းလျှော်ရင်း ဆံပင် အရှည် အမြန်စောင့်နေရပါတယ်.. ဒီတခါတော့ ဆိုင်ပြောင်းညှပ်မယ်စိတ်ကူးပါတယ်။ သူ့ဆိုင်ရဲ့ မန်ဘာကဒ်ကလဲ ပျောက်သွားပီလေ..ပျောက်ပေမဲ့ သူ့မျက်နှာကြောင့် မန်ဘာဆိုပီး ဆက်ညှပ်လို့ရပါတယ်။ သူက ကဒ်ပျောက်တာ ဘယ်သူမှမပြောနဲ့တဲ့..။ မန်ဘာဆို ၃၆၀၀ ယန်းပဲ ကျပါတယ်။ အခုအခေါက်လဲ ကဒ်မပါဘူးဆိုတဲ့ ပုံစံနဲ့ ညှပ်ခဲ့ရတာကိုး။ ဒါပေမဲ့ ကိုယ်ဒီတခါ ညှပ်ရင် သူများဆီမှာ သွားညှပ်မယ်လို့ ဆုံးဖြတ်ပီးသွားပါပီ။

အခုတော့ ဆံပင် ပြန်ရှည်လာပါပီ..။ မကြာခင်မှာ သွားပြန်ညှပ်မယ်.. ဆံပင်ပုံစံဆိုတာ မိန်းကလေးတွေ အတွက် အရေးကြီးပါတယ်။ ဝေးဝေး မကြည့်နဲ့ သမ္မတ အိုဘားမားကတော်ကို ကြည့်ပါလေ….။

အပြည့်အစုံသို့ »

အလုပ်ကနေချမ်းသာတဲ့ သူတွေကို မတွေ့နိုင်သေးတော့… အမျိုးတွေ ထဲက xxxxမြို့လေးမှာသူဌေးတွေ များတော့ သူတို့ဆီ အလည်သွားရင်း တောက သူဌေးတွေကို မြို့သူဆိုတဲ့ ဂုဏ်နဲ့ အမေက သွားရောက်ချဉ်းကပ်သတဲ့..။ သမီးလုပ်သူ ဖြူဖြူလေးကို ခေါ် မြို့ပေါ်မှာ နာမည် က အနံ့ဆိုးစ ပြုနေလေတော့ တောက သူဌေးရလဲ မနည်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမီးလုပ်သူကို ခေါ် ပီး မြောင်းတွေ ဒရဟော ဖောက်ပါလေရော..။
အဲဒီမှာလဲ သူဌေးသား ကောင်လေးနဲ့ ရည်ငံ့သွားလေရဲ့..။ ဒါပေမဲ့ ထိုကောင်လေးကလဲ မြို့ပေါ်အမြဲ ကျောင်းလာတက်နေတဲ့ သူ.ဆိုတော့. အဲဒီမြို့လေးမှာပဲ ရီးစားမကျ ဘာမကျ နဲ့ နေကြလေရဲ့..။ အမေက ရှေ့က မြောင်းဖော် ပီး သမီးက လေး အဆင်ပြေအောင်လုပ်ပေးတာ အမျိုးတွေက ပြန်ပြောကြတာပေါ့။ ဒီလိုနဲ့ သူများရပ်သူများရွာဆိုတော့ ၁လထက်ပိုနေလို့ မကောင်းတော့ ပြန်လာရပြန်တာပေါ့..။ ပြန်လာတော့ အဲဒီက အဆက်အသွယ်တွေနဲ့ တခါ အလုပ်ထပ်ရှာတော့ ကံကောင်းစွာ အလုပ်နောက်တခုထပ်ရ ပြန်ပါတယ်။
အလုပ်ရတော့ .. မြို့ငယ်ပေါ်က ကျန်ခဲ့တဲ့ ကောလိပ်ကျောင်းသား မဲမဲ ပိန်ပိန်ကို ကန်ထုတ် ပီး ဘဝအသစ်နဲ့ ယောင်္ကျားရှာမယ်စိတ်ကူးတာပေါ့။ ဒီလိုနဲ့ တနေ့တော့…. ရပ်ကွက်ထဲမှာ ကောင်မလေး မင်္ဂလာဆောင်တော့မယ် ဆိုတဲ့ သတင်းပျံ့နှံလာပါတယ်။ အမျိုးတွေကလည်း ဒီတခါတော့ တကယ်ပဲ လက်ထပ်လိုက်တော့လဲ ကောင်မလေးဘဝအေးချမ်းသွားမယ်လို့ မျှော်လင့်နေကြတာပေါ့..။ တဖက်ကလဲ စိတ်မချတော့ တချို့တွေနဲ့ စုံစမ်းတော့..။မင်္ဂလာဆောင်တော့မှာ သူဌေးနဲ့ ဆိုတဲ့ သေချာတဲ့ စကားလုံးတွေနဲ့ သမီးရော အမေရော အသံတွေ ထွက်ကြတာပေါ့..။ မင်္ဂလာဆောင်ရင် ဘယ်လိုဝတ်မယ် ဘယ်မှာဆောင်မယ်နဲ့ အမေက သူ ဖြစ်ချင်တဲ့ ပုံစံတွေကို ကြွားလုံးထုတ် ပီး ပြောနေကြတာ … ၁လလောက်ကြာလာပီးတဲ့တနေ့…မှာတော့………

သွားးးး… သွားးးး ငါ့ကို ဘယ်သူမှ မဆွဲနဲ့..။ ဆိုတဲ့ မိန်းကလေးတယောက်ရဲ့.အသံစူးစူးဝါးဝါး အော်သံ ကို နေဝင်ရီတရော အချိန်မှာ ကြားလိုက်ရပါတော့တယ်။
ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲဆိုတဲ့ လူတွေရဲ့ အာရုံက ထိုအသံရှင်ပေါ်မှာပဲ စူးစိုက်နေမိကြပါတယ်။
အချိန်က လဲ ညီအကို မသိတသိအချိန်ဆိုတော့.. ဘယ်သူရယ်ဘယ်ဝါရယ် မသိကြဘူးပေါ့..။
မကြာပါဘူး ရုန်းရင်းဆန်ခတ် သံတွေနဲ့ အတူ
ပြောနေတယ် မရဘူးလား ဆိုတဲ့ အော်ငေါက်သံတွေနဲ့ အတူ… မျက်ရည်လည်ရွှဲနဲ့ .. သမီးသူ့ကို ချစ်တယ်
ဦးငယ်ရေ… ဦးငယ်… ဦးငယ်ကို သမီးချစ်တယ်ဆိုပီး စူးစူးဝါးဝါးအော်သံနဲ့အတူ …
လမ်းမပေါ်က ရုန်းရင်းဆန်ခတ်သံတွေကို ကြားလိုက်ရပါတယ်။
တစုံတယောက်ရဲ့ ဖျန်း…ဆိုတဲ့ ပါးရိုက်သံနဲ့အတူ အတင်းအိမ်ထဲဆွဲသွင်းသွားတဲ့ အသံတွေ …နဲ့ ..တိတ်ဆိတ်ငြိမ်သက်သွားပြန်ပါတယ်.။

ဘာမှန်းမသိတဲ့ အကြောင်းအရာတွေနဲ့အတူ ရပ်ကွက်ကလဲ စိတ်ဝင်တစား ဖြစ်နေကြတာပေါ့..။ အဲဒီနေ့ညက ကောင်မလေးကို ဆေးတိုက်ပီး သိပ်လိုက်ပုံရပါတယ်။ နောက်တနေ့ မနက်ကျတော့ ပုံမှန် ပြန်ဖြစ်သွား ပုံရပီး..အလုပ်ကို ထွက်သွားပါတယ်။

ဒါပေမဲ့… သူမက အလုပ်ထဲကနေ ..ဦးငယ်ဆိုသူ ကို ဖုန်းဆက်ခေါ်ပေမဲ့..ဦးငယ်ဆိုသူကတော့ သူမလေးရဲ့ ဘဝကို ပြန်လှည့်မကြည့်တော့ပါဘူး။ တကယ်တော့ ဦးငယ်ဆိုသူဟာ အသက် ၅၀နားနီးပီး ကလေး ၃ယောက်အဖေ နဲ့ လက်ရှိလဲ အိမ်ထောင်သယ်ပါ။ ရန်ကုန်မြို့ရဲ့ အထင်ကရ မသမာသူများရပ်ကွက် ( အဲသလောက်တောင်ပိုက်ဆံရှိတာ သမ္မာအာဇီဝနဲ့ ရှာထားတာမဟုတ်ဟု ကိုယ့်ကို ကားမောင်းပို့နေကျ ဒရိုင်ဘာကပြောတာပါ..ဟီး) မှာနေပါတယ်။ ဦီးငယ်ဆိုသူ က သူတို့လို မိန်းကလေးပေါင်း များစွာကို အပျော်တွဲ ဖျက်ဆီးတယ်လို့ တော့ ဦးငယ်ကို မပြောချင်တော့ပါဘူး။ (ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံနဲ့ ဖျားယောင်သွေးဆောင် ဖျက်ဆီးတိုင်း ကိုယ်ကျင့်တရားကို ထိန်းသိမ်းတဲ့ မိန်းကလေး တွေဆို မပါကြပါဘူးလေ။) ဦးငယ်က ဆရာကြီးအဆင့်လေ ..သူလို မိန်းကလေးကို လက်ထပ်မယ်ပြောပီး လိုအပ်တာတွေဝယ်ပေး ကာမကို ယူခဲ့ပါတယ်။ ဟော်တယ်တွေ တည်းခိုခန်းတွေကို အမြဲ ခေါ်သွားပီး ကာမကို ရယူထားတော့ အရူးအမူးစွဲလန်းနေတော့တာပေါ့။ သူ့ကိုလဲ တကယ်လက်ထပ်မယ်လို့ ထင်နေတာက သူမလေး..။ ဟိုက လက်ထပ်မယ်ဆိုပီး နေ့ရွှေ့ညရွှေ့လုပ်လာတော့.. သူမနဲ့ သူမအမေက မခံနိုင်တော့တာနဲ့ .. အတင်းရာဇသံထုတ်တဲ့အခါ ဦးငယ်ဆိုတဲ့ လူလည်က တခါတည်း ရှောင်သွားလိုက်ပါတော့တယ်။
ဦးငယ်ဆိုတဲ့သူကလည်း သူမလေးကို သူ့ရဲ့ အိမ်ကိုပါ ခေါ်ခဲ့ဘူးတော့..။
အဲဒီနေ့က ဦးငယ် ကိုဖုန်းဆက်ပေမဲ့ မကိုင်တော့ ဦးငယ်ရဲ့ အိမ်ကို သူမလေး လိုက်သွားခဲ့ပါတယ်။ ဦးငယ်က ခြံတံခါးကို မဖွင့်တော့ စိတ်ထဲမှာ ဦးငယ်က လက်မထပ်ရင်.. ငါသူဌေးဖြစ်မဲ့ မျှော်လင့်ချက်တွေ ပျက်ပီဆိုတာပဲ ရှိတယ်..။ မိန်းကလေးတယောက်ရဲ့ အရှက်တွေ သိက္ခာတွေ နားမလည်ဘူး။ ဖြစ်ချင်တဲ့ ဆန္ဒလေးတခုပဲ ရှိတယ်..။ ပြောရမယ်ဆိုရင် သနားစဖွယ်မိန်းမငယ်လေးပေါ့..။ အမှန်ကတော့ မအေလုပ်သူရဲ့ မဟုတ်တဲ့ ဆုံးမသွန်သင်မူတွေကို နားဝင်ထားရရှာတဲံ လောင်းရိပ်မိ လုံမငယ်လေးတယောက်ရဲ့ သနားစဖွယ် ဖြစ်အင်တွေပါ..။

သူမအတွက် ဒီခြံတံခါး ဘယ်တော့မှ ပွင့်လာတော့မှာ မဟုတ်ဘူးဆိုတာ မသိတဲ့ သူမကလေးဟာ.. ဥိးငယ်များ သူမကို စိတ်ဆိုး နေလို့ မဖွင့်ပေးတာပါလားဆိုပီး ခြံရှေ့ကနေ အတင်းအော်ခေါ်နေသတဲ့..။ခြံစောင့်တွေ လာပြောလဲ ဦးငယ်နဲ့တွေ့ခွင့်ပေးပါပဲ မျက်ရည်လည်ရွှဲနဲ့တောင်းဆိုသတဲ့..။ ခြံစောင့်တွေကိုလည်း ဘယ်လိုမှပြောလို့မရတဲ့အခါ စိတ်လွှတ်သွားပြန်ပီ.. စူးစူးဝါးဝါး အော် ခြံတံခါးကို တဝုန်းဝုန်းထုပီး သောင်းကျန်းပါတော့တယ်..။ အရမ်းကို ရှက်စရာကောင်းတဲ့ အပြုအမူတွေကြောင့် ဦးငယ်ရဲ့ မိန်းမ က ရဲစခန်းကို အကြောင်းကြားတော့.. ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ဂုဏ်သိက္ခာညှိုးနွမ်းစေမှုတို့ နဲ့ တရားဆွဲလိုက်ပါတော့တယ်…။

ဒီအပိုင်းမှာ ဇာတ်သိမ်းပေးချင်ပေမဲ့.. ဆက်ရေးလို့မရအောင် စိတ်ထိခိုက်လာလို့ ခဏ ရပ်လိုက်ပါရစေ..။

အပြည့်အစုံသို့ »

သူငယ်ချင်းတယောက်က ပေးပို့လာတဲ့ ဖော်ဝပ်မေးလ်ပါ။ စာရေးသူနာမည်တော့ မပါလာပါဘူး။ အားလုံးနဲ့ အတူ ကိုယ်တိုင်လဲ.. ဘာတွေလိုအပ်နေလဲဆိုတာ ဒိမေးလ်ကနေ အသိတွေရတာနဲ့ မျှဝေပေးချင်လို့ပါ..။

ရိုးရိုးလေးပါ…

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
(ဟုတ်တယ်..အဲဒီစိတ်ကလေး မွေးသင့်ပါတယ်)

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
(ကိုယ်.. လိုက်နာမှ ဖြစ်မယ်။ ထစ်ကနဲဆို ..စိတ်က ဆိုး စိတ်လိုက်မာန်ပါလုပ်မိလို့.. )

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ကိုယ်..လိုက်နာဖို့..အချက်တွေ။
အားလုံး ပျော်ရွှင်စေချင်ပါတယ်။



အပြည့်အစုံသို့ »

သမီးလေးအလုပ်လုပ်တဲ့ သူဌေးက လူပြိုကြီး (ြ- နဲ့ ထင်ပါတယ်။) အသက်က ၄၀ကျော်။ ရုပ်ကမဆိုးပေမဲ့ ကျောမှာ ဘုကြီးနဲ့… ။ ကိုယ့်အသက်အရွယ်မှ မထောက် နားမှာလည်း နားကွင်းက တပ်ထားသေး ။ မြင်ယောင်ကြည့်လိုက်ရင် ဘယ်လိုမှ မသင့်တော်တဲ့ ယောင်္ကျားတယောက်ရဲ့ အသွင်က ထင်းခနဲ..။

ပိုက်ဆံရှိတာနဲ့ အထင်ကြီးရမလားးး။ ပညာတတ်တာနဲ့ ရော အထင်ကြီးရမလား။ သိက္ခာ သမာဓိ မရှိတဲ့ လူတွေဟာ ပညာပဲတတ်တတ် ပိုက်ဆံပဲ ရှိရှိ.. အလကားပဲ ဆိုတာ .. သူတို့ သားအမိ မသိတာပဲလား ဂရုပဲ မစိုက်တာလားးး သေချာမသိ။

ဒီတော့ ပိုက်ဆံရှိရင် အရချိုင်မယ် ဆိုတဲ့ မကောင်းတဲ့ စိတ်အတွေးနဲ့ သမီးက အဲဒီလူကို ချဉ်းကပ်။ အမေက အခွင့်အရေးတွေပေး..။ အိမ်ကို ဝင်ထွက်ခွင့်တွေ ပေး။ သမီးကို ၂ယောက်ထဲ လွှတ်ထား။ တနည်းအားဖြင့် ခြူစား တာ..။ သမီးရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစား။ မိန်းကလေးတယောက်ရဲ့ တန်ဖိုးအရှိဆုံး ဟာ ဘယ်အရာလဲ ဆိုတာကို မိခင်တယောက်အနေနဲ့ တကယ်ပဲ မသိတာလားးးး။ သိစရာမလိုဘူးလို့ပဲ ထင်ပီး မဆုံးမလေသလားးး။ အမျိုးတွေက ပြောရင်..။ ဟုတ်တယ် သူတို့ လက်ထပ်မှာတဲ့..။ သမီးကတော့ ရီနေတယ်..။ အမျိုးတွေကတော့ ရင်ထုမနာပေါ့..။ တကယ်ဆို သူ့ရုပ် သူ့ရည်လေးနဲ့ လင်ကောင်းသားကောင်း ရမှာပါ။ အခုတော့ ကြည့်ပါဦး ပိုက်ဆံ ရှိတာလေး တခုတည်းနဲ့ သက်ကြားရွယ်အို ..ပီးတော့ လူစဉ်မမှီတဲ့ ဘဲနာကြီးနဲ့ စွတ်ရွတ် ပီး သဘောတူထားလိုက်တာ..။ အို.. ရပ်ကွက်ထဲမှာဆို ဘာပြော ကောင်းမလဲ..။ သူတို့ အိမ်ဟာ စောင့်ကြည့်ခံ အိမ် ဖြစ်သွားတော့တာ..။

ဒါပေမဲ့ သူ့အမေ က ဒါကို ဂုဏ်ယူနေတော့တာ…။ သူ့အိမ်ရှေ့ အဲဒီလူကား ရပ်ရင်ပဲ ကျေနပ်နေတော့တာ..။
သူ့သမီးလေး သူဌေးကတော် ဖြစ်တော့မှာ ဆိုပီး ဈေးထဲမှာလဲ ကြွား။ သူ့ကွယ်ရာမှာ သူ့ကို နှာခေါင်းရှုံတာ သူမသိဘူး။ အားလုံးကလည်း သမီးလေး နစ်မွန်းမှာဆိုးလို့ စေတနာနဲ့ ပြောချင်ပေမဲ့ သူ့ပါးစပ်ကြောက်လို့ မပြောရဲကြဘူး..။ သမီးလေးလဲ အယင်ကထက် ပိုဝတ်လာတယ်။ အစားအသောက်ဆိုလဲ ဘဝမေ့စွာ.. ဟိုဟာမှ ဒီဟာမှတွေ ဖြစ်လာတယ်။ အသိထဲမှာ ရုပ်ကလေးလှရင် ယောင်္ကျားတွေ ဆီက ကျတယ် ဆိုတဲ့ အတွေး ဝင်သွားတယ်။ လုပ်တာက အရောင်းစားရေး …ဆိုတော့ ငါးစာ တွေကအများ သားကိုး။ ငါးစာပဲ မြင်တဲ့ သူမလေးက ငါးမျှားချိတ်တွေကို မမြင်ဘူး။ ဘဝအကြောင်းလဲ သေချာမသိ အရွယ်ကလေးက ၁၈ နှစ်သာသာလေး… စာမဖတ်တော့ ဗဟုသုတ မကြွယ် အသိပညာက နထ္ထိ။ မြှောက်ပေးတဲ့ အမေ နဲ့ သူမအလှအပ မှာ ခစားလာကြတဲ့ ပုရိသတွေ အကြားး အကျေနပ်ကြီး ကျေနပ်နေသလို..ငါ တနေ့ သူဌေးကတော် ဖြစ်ရမယ်ဆိုတဲ့ အတွေးနဲ့ ပိုက်ဆံရှိရင် ပီးရော.. အိမ်ထောင်ရေးဆိုတာ ကို သေချာနားမလည်ဘူး။ အပျိုစင်ဘဝဆိုတာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။

ဒီလိုနဲ့ သမီးကလေးကို မြှောက်ပေးလိုက် သမီးကလဲ ယောင်္ကျားတကာဆီက ချူစားလိုက်နဲ့…နေလာလိုက်တာ..။ ဟိုသက်ကြားရွယ်အိုက တကယ်ပဲ လက်ထပ်မယ်ဆိုပီး ခွင့်တောင်းတော့ … အစက သဘောတူထားတဲ့ အမေက …သူ့သမီးကို သူ့ထက်သာတဲ့ သူဌေးသားနဲ့ ပေးစားချင်လာပြန်ရော..။ ဒါနဲ့ ပဲ စကားအခြေအတင် ဖြစ်ကြတာပေါ့..။ သူ့သမီးကလဲ သူ့ထက်သာတဲ့ သူပဲ ယူချင်လာပီလေ..။ ဟုတ်တာပေါ့ ..အဘိုးကြီးက လူစဉ်မှမမှီရှာတာကိုး။ သူတွဲသွားရင် ရှက်မှာပေါ့..။ ဒါပေမဲ့ အစကပဲ သူတို့ မရှက်လို့ စုံတွဲသွားကြတာ..။ အဘိုးကြီးကားနဲ့ ဆိုင်တွေသွား စားကြတာ သောက်ကြတာ အဝတ်အစားတွေ ဝယ်ကြတာ..။ အခုမှ ဒီလို လုပ်တော့ ဟိုကလည်း လူလည်ပဲလေ.။ ပက်ပက်စက်ပြောပြောပီး ကောင်မလေးရဲ့ သိက္ခာ ကျအောင် လုပ် ပစ်ပလိုက်တယ်။ အလုပ်ကလဲ ထုတ်ပစ်လိုက်တော့တာပေါ့..။ အသက်ကလေးက ၁၉နှစ်တောင် မပြည့်သေး..။ မိန်းကလေးတယောက်ရဲ့ ဂုဏ်သတင်းက ညှိုးနွမ်းသွားခဲ့ရပြန်ပေါ့…. ။

အလုပ်ပြုတ်မှ အဘိုးကြီးကို ပြန်ကပ်ဖို့ ကြိုးစားခဲ့ ပြန်သေးတယ်။ မာနက မရှိ ချမ်းသာချင်တာပဲ သိတာကိုး။ ဟိုက အကပ် ပြန်မခံတော့ဘူး ။ မခံဆို သူ့လို မိန်းကလေးတွေပေါတယ်လေ..။ ဒီတော့ ပထမ အဆင့် စိတ်ဆင်းရဲ ခြင်း က ကောင်မလေး မှာ စတင်ခံစားရ သွားပီ..။ ဒါက စိတ်ကျခြင်း အစပဲထင်ပါရဲ့..။ အလုပ်မရှိတော့ ချမ်းသာတဲ့ သူတွေကို တွေ့ဖို့ အခွင့် အလန်းကလဲ နဲ သွားပီလေ..။

(ဖြစ်ရပ်မှန်ဇာတ်လမ်းတခုကို အခြေခံထားပါသည်။)

ဆက်ရန်…

အပြည့်အစုံသို့ »

တကယ်တော့ ..ဒီဘလော့ကို ဆက်ရေးချင်တဲ့ ဆန္ဒ မရှိတော့ပါဘူးး ဒါပေမဲ့… စာဖတ် စာရေးတာ ဝါသနာပါတဲ့သူဆိုတော့ ..ပီးတော့အပေါင်းအသင်းလဲ ရှိတော့ရှိပါရဲ့ ..စကားမပြောချင်တဲ့ အခါ..စာရေးရင်း စိတ်ကို အဆာဖြေချင်တယ်။

အမှန်က ဒီဘလော့လေးကို ဝမ်းနည်းတာတွေ ဝမ်းသာတာတွေ အတွက် ရေးဖို့ ဖန်တီးထားခဲ့တာပါ။ ဘလော့လေးကိုလည်း ကိုယ့်ရဲ့ ဒုတိယ ဘဝလေးအဖြစ် သေချာဖန်တီး ပီး နာမည်ကိုတောင် သေချာရွေးခဲ့တာပါ။ သိပ်ကို နူးညံ့တဲ့ နာမည်လေးတခုပေါ့..။မြတ်နိုးဆိုတဲ့ နာမည်လေးနဲ့လဲ စာဖတ်သူတွေနဲ့ ဘလော့ဂါ အချို့လဲ ရင်းနှီးနေကြမှာပါပဲ..။

ဒါပေမဲ့..ဘဝမှာ..တခါတလေ…ကိုယ်မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ..

တိုက်ကွက်တွေကို အရင်းနှီးဆုံး အားအကိုးရဆုံးဆိုတဲ့ … မိသားစုဝင်တွေ ဆီက ရိုက်ချက်တွေ ကို အလူးအလဲ ခံရပီးတဲ့ နောက်မှာ… မြတ်နိုးဆိုတဲ့ ဒီနာမည်ကို ကိုယ်မသုံးချင်တော့ဘူးး..။ ဒီနာမည်မှာ နူးညံ့ခြင်းတွေ ပါနေတယ်.. ကိုယ့်ရဲ့ အားမန်တွေကို ပျောက်ဆုံးနေသလို ခံစားရလို့ပါ..။

ကိုယ်ငယ်ငယ်က …. စိတ်ဓာတ်ကျနေတဲ့ အချိန် အားငယ်နေတတ်တဲ့ အချိန် မှာ.ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ကဗျာလေးတွေနဲ့ ပုံဖော်ဖြစ်ခဲ့တယ်.. အဲံအချိန်တွေတုန်းက ကိုယ်သုံးခဲ့တဲ့ ကလောင်နာမည်လေး ရှိခဲ့တယ်။ အဲဒီအချိန်တွေတုန်းကတော့ ကိုယ်ဟာ ကဗျာတွေကို ရူးသွပ်ခဲ့သူတယောက်ပေါ့..။ အဲ့နာမည်လေးက စူး…..တဲ့… လူသားတိုင်းရဲ့ ရင်ထဲ အသည်းထဲကို ဖောက်ထွင်းဝင်ရောက်ချင်တဲ့ ..စူး..ပေါ့..။ အဲဒီကဗျာစာအုပ်လေး အိမ်မှာ ကျန်ခဲ့ပါတယ်။ကံကောင်းခြင်း အနာဂတ်ဆီသို့.. ဆိုတာ ကိုယ်တိုင် မဖန်တီးပဲ ကံကြမ္မာကများ အဆင်သင့် ဖန်တီးပေလေမလားရယ် လို့ တင်စားခဲ့ပေမဲ့ .. အရာရာဟာ .. ကိုယ်ထင်သလို မျှော်လင့်သလို ဖြစ်မလာတဲ့အခါ.. ငယ်စဉ်က နေ အခုချိန်ထိ ကိုယ်တွေ့ထိခဲ့ရတဲ့ ဘဝမှတ်တမ်းလေး ပဲ ကောင်းပါတယ်လို့ စိတ်မှာ ထင်မိ..ရင်းးးးး


အခု ကိုယ် . မြတ်နိုးဆိုတဲ့ နာမည်လေးကို ပြောင်းလိုက်ပါပီ..။ စူး.. ဒါမှမဟုတ် ဆူး…ပေါ့..။ ဒီအထဲမှာ .အားတွေပါတယ်..။ ဘဝအတွက် … မာန်တွေပါတယ်..။ ဇွဲတွေပါတယ်

စိတ်ညစ်တိုင်း..မျက်ရည်ကျချင်တိုင်း ကိုယ်အော်ဆိုနေတဲ့ သီချင်းက ..

မာနမျက်နှာ…

ကိုယ့်ရဲ့ ငယ်ဘဝမှာ ဝမ်းနဲအားငယ်မူတွေ ကြုံတိုင်း ဒီသီချင်းက ကိုယ့်အတွက် အဖော်ကောင်း

တင်းနေတဲ့ နုတ်ခမ်းနဲ့ မျက်လုံးစိုလက်လက်အောက်က ဝမ်းနည်းနေတဲ့ နှလုံးသား ကို ပိုက်

အားငယ်နေတဲ့ စိတ်ကို ….ဖျောက်ဖို့.. ဒီသီချင်းကို ကိုအော်ဆိုလေ့ရှိတယ်..

လူဆိုတာ…မာနနဲ့ပါ…။ မာနတွေနဲ့ စူး လာပီ..။

အပြည့်အစုံသို့ »

နာမည်လဲ ပြောင်းရင်း ဘလော့ပြန်ဖွင့်တဲ့ အထိမ်းအမှတ်မှာ နင်နဲ့ပက်သက်တဲ့ စာကို ငါတင်ရတာ သိပ်ကျေနပ်တယ်ဟာ..။
ငါလေ.. သိပ်ပျော်တာပဲ..နင်နဲ့ ငါ..ပြန်ခေါ်သွားလို့..။

မာနတွေ ကြီးတဲ့ တို့ နှစ်ယောက်…
နောက်ဆုံးတော့လဲ ..
ပြန်ခေါ်ဖြစ်ခဲ့ပီ..။

စာတွေကို ဖက်တွယ်တဲ့
အသိပညာတွေကို တန်ဖိုးထားတဲ့
တို့ နှစ်ယောက်..
နောက်ဆုံးတော့လဲ..
ပြန်ခေါ်ဖြစ်ခဲ့ပီ..။

တကယ်ဆို…
ငါလိုချင်တာ မှန်သမျှ..
ဂျီကျတတ်တာ မှန်သမျှ
ဖြည့်ဆည်းပေးတတ်တဲ့..သူဟာ..နင်..။

ငါ စိတ်ညစ်ရင်..
ရီစရာတွေဖွေရှာ..
စိတ်ရှည်ကာ ဖတ်လို့ပြ..
နင့်အပြင် ..ဘယ်သူမှ မရှိခဲ့..။

ပုံနားထောင်ချင်တယ်ဆိုလဲ..
ဂျီကျတတ်တဲ့ ငါ့ကို စိတ်ရှည်စွာ..
ပြောကာပြ..
စိတ်မရှည်ရင် အိပ်တော့..အိပ်တော့..ပြော..ပေမဲ့
ငါက ဂျီကျနေကျ ထုံးစံ ..နင့်ကို ဂျီကျတိုင်းး
ကလေးလဲမဟုတ်ဘူးပြောပီး အမြဲ အလိုလိုက်တတ်ခဲ့တဲ့နင်..
ဘာပဲ ဖြစ်ဖြစ် နင်ပြောပြခဲ့တယ်..။
ဒီဖက်ကနေ ..မျက်စိမှိတ်လို့ ဇိမ်ခံပီး နားထောင်..
အိပ်ရာဝင်ပုံပြင်လို နားထောင်ခဲ့ရတာတွေအတွက်..
နင့်ကို..ငါ ကျေးဇူးတင်ပါတယ်..။

အခုတော့ ..ငါ ..နင့်ကို
နားလည်စွာ ဂျီမကျတော့တာ..
နင်စာတွေ ပိနေလို့..။ (နားလည်ပေးတာ.ဆိုးတယ်လို့ မပြောနဲ့..ဟဲဟဲ..ပီးတော့ နင်မအားတာ..ငါ သိနေတယ်လေ..)

ဘာပဲဖြစ်ဖြစ်..
တို့နှစ်ယောက် ပြန်ခေါ်ဖြစ်ကြတာ..
ဝမ်းသာ ပါတယ်..ဟာ..။

သဘောကောင်းတတ်တဲ့..နင်..
သူများတွေထက် ဦးစားပေးခံရတဲ့ ငါက..
နင့်ကို..သိပ်ခင်ခဲ့တာ အဆန်းမှ မဟုတ်တာပဲ..ဟာ..။

နင်ဟာ.. သိက္ခာရှိ တည်ကြည်တဲ့ ယောင်္ကျား..
နင့်မှာ ဂွတိုက်တတ်တဲ့ အကျင့်ကလေး
ကြီးကျယ်တတ်တဲ့ စကားပြောခြင်း
ပီးတော့ ကြီးလွန်းတဲ့ မာနတွေ ကို ခဏဖယ်လိုက်ရင်..
နင်ဟာ..သိပ်ကို ပီးပြည့်စုံတဲ့..
ယောင်္ကျားကောင်းတယောက် ပါ..။

ငါလေ.. နင့်ကို သိပ်ခင်တယ်။ ငါ့ထက်အသက်ငယ်ပေမဲ့.. အရမ်းကို တည်တဲ့ ယောင်္ကျားတယောက်မို့..ငါ နင့်ကို လေးစားခဲ့တယ်..။ နင့်ကို သူများတွေ ဘယ်လိုပြောပြော ငါကတော့ နင့်ကို သိပ်ခင်တယ်..ဟာ

တကယ်တော့..
နင်နဲ့ငါ့ ကို တွေ့ဆုံခွင့်ပေးတဲ့
ဘုရားသခင်ကို ငါ သိပ်ကျေးဇူးတင်တယ်..။

နင့်ကို ငါ..သိပ် ခင်တယ်..။
နင်နဲ့ငါ ..ပြန်ခေါ်ကြတော့.. ..ငါ ပျော်လိုက်တာလေ… အမြဲတမ်း ငါ လိုတာလေးတွေ ကို နင့်ကို ပြောနေကြမှာ… နင်နဲ့ ငါ မခေါ်တော့.. ငါ့မှာ … ပြောစရာ ဘယ်သူမှ မရှိတော့ဘူးးလေ..။ ငါ့မှာ နင့်လို အားကိုး ပီး ခင်ရတဲ့ သူမှ မရှိခဲ့တာ..။ နင်မဟုတ်တဲ့ အခြားတယောက်ယောက်ကို အကူ အညီတောင်းရတိုင်း နင့်ကို ငါ ပြန်ခေါ်ချင်တဲ့ စိတ်တွေက တဖွားဖွားးး ဒါပေမဲ့..ငါ မခေါ်ခဲ့ပါဘူးးး။။ ငါ စိတ်ညစ်နေရင် အချိန်ပြည့် စကားပြောနေတတ်တဲ့ ငါတို့ နှစ်ယောက်ရဲ့ သံယောဇဉ် လွယ်လွယ်နဲ့ ပြတ်မတဲ့လား..။ နင်ရဲ့ တခါတလေ ရင်ဖွင့်သံ တွေ..ငါ့ရဲ့ အမြဲတမ်း ရင်ဖွင့်သံတွေဟာ ..ငါတို့ နှစ်ယောက်ရဲ့
သံယောဇဉ်တွေပဲလေ..။ နင်နဲ့ငါ တခါမှ မမြင်ဖူးပေမဲ့..ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးတွေကိုတော့ … မာန ဆိုတဲ့ ကြိုးက ကြာရှည် ချည်နှောင် ထားလို့ မရပါဘူး.. မသိစိတ် ကိုယ်စီက တမ်းတနေခဲ့ကြတာပဲ..။

ငါက နင်ရော..ငါနဲ့ မခေါ်တုန်း သတိရလားလို့ မေးတော့.. နင် လဲ အမြဲ သတိရနေတယ်ဆိုတဲ့ စကား နဲ့ တင်..နင့်အပေါ် ငါ့ရဲ့ မကျေနပ်ခြင်းတွေ ပျောက်.. ကျေနပ်ပြုံးလေးနဲ့… ကျေးဇူးပဲဟာ… ငါလဲ တကယ်သတိရနေတာပါ…. တကယ်ပါ..ဟာ.. ပို မပြောခဲ့ပါဘူးးး..။

နင်လိုအပ်နေတဲ့ စာအုပ်တွေကို ငါ ရှာပေးခွင့်ရတဲ့နေ့က ငါလေ.. သိပ်ပျော်ခဲ့တယ်..။ ငါပြောပီးသားလေ..
လူတိုင်းကို တော်ရုံနဲ့ မခင်တတ်တဲ့ ငါက .. နင့်ကို လွယ်လွယ်နဲ့ မေ့မတဲ့လားးး..။ နင်လိုအပ်တာကို ငါ အမြန်ဆုံး ရှာပေးနိုင်ခဲ့တယ်..။ ငါ့ဘဝမှာ ကိုယ့်ကို ကူညီခဲ့တဲ့သူကို ဒီတခါလေးပဲ ကူညီခွင့်ရခဲ့တာ.. ငါပျော်တာပေါ့ဟာ..။ ပီးတော့..နင်နဲ့ ငါ ပြန်လည်သင့်မြတ်သွားခဲ့တယ်လေ..။ ဘယ်လောက် ပျော်စရာ ကောင်းလဲ..။

နင်နဲ့ပြန်ခေါ်တော့.. ငါစာတမ်းတင်တုန်းက ကူလုပ်ပေးခဲ့ရင်း နင့်ကို ငါ တချို့ သင်ပေးခဲ့တဲ့ အရာတွေနဲ့ နင် လဲ အသုံးတည့်သွားတယ်ဆိုပီး ကြွားတော့..ထုံးစံအတိုင်း ..ငါက ..နင် ..ငါ့ကို ကျေးဇူးတင်လို့ ပြောဖြစ်လိုက်သေးတယ်..။ အဲသလို အကြောကြီးနဲ့ ငါ့ကို..နင်လဲ အတော်သည်းခံခဲ့တာ..ငါသိတာပေါ့..ကိုကြီးကျယ်..။

ခင်မိရင်လဲ တသက်လုံး.. မခင်ရင်လဲ တသက်လုံး။ အစွန်းရောက် ငါ့ အတွက် နင်ဟာ ..အမြဲတမ်းးးး ငါ့ရင်ထဲမှာ ရှိနေခဲ့တာ ..နင်ယုံလိုက်..။


တကယ်တော့ ငါ့ရဲ့ နေ့ဖက်တွေ ဟာ နင့်ရဲ့ည ..ငါ့ရဲ့ညတွေဟာ နင့်ရဲ့နေ့… မတူညီတဲ့ အချိန်တွေ အောက်မှာ နင်နဲ့ ငါ သိပ်ခင်ခဲ့ကြတာ…သူများတွေတောင် မနာလိုကြဘူးးဟာ..။
နင်ဘယ်နေရာမှာပဲ ရောက်ရောက်.. ငါဘယ်နေရာမှာပဲ ရှိရှိ..နင်နဲ့ ငါ..ကြားမှာ ရှိတဲ့ သံယောဇဉ်တွေက ဘယ်လောက်ဝေးဝေး ဘယ်လောက်ကြာကြာ ..ပြောင်းလဲမသွားတာ…နင်ယုံ ပီ မလားးး။
ငါ.. မှာ လုပ်ချင်တာတွေ ..လိုအပ်တာတွေ ရှိတိုင်းးး စိတ်ညစ်တတ်တဲ့ အချိန်တိုင်းး နင့်ကို ငါ..အမြဲ သတိရနေတတ်တာ…. နင်..ယုံ တယ်မလားး..။ ကြီးကျယ် ရေ.. နင့်ကို ..ငါ သိပ်ခင်တယ်..။
ငါ..ဒီလိုရေးတော့..နင် မျက်ခုံးတော့ လှုပ်နေမှာပဲနော်.. ဘယ်အချိန် ဂျီတွန်မလဲ လို့..ဟားဟား

ဒါတောင် နင်က တခါတလေ အမြင်မတော်လို့ စာလုံးပေါင်း ဝင်ပြင်ပေးတာ .ငါ မသိချင်ယောင်ဆောင်နေတာဟ..
အခုတောင် နင့်အကူအညီနဲ့ ငါ တချို့ဟာတွေ ပြင်နေသေးတာ.. ငါ မပူဆာသေးပါဘူးဟာ ..ငါ့ အိမ်အသစ်ကလေးကို အကျီံလဲပေးဖို့..နော်.. တွေ့လား ငါ အလိုက်သိတယ်ဟုတ်..။

အပြည့်အစုံသို့ »


တကယ်တော့..ကိုယ် ဒီစာကို မရေးချင်ပါဘူး။ ဒီစာကိုဖတ်ပီး စာဖတ်သူတို့လည်း ကိုယ်ချင်းစာစိတ်နဲ့
နားလည်ပေးစေချင်ပါတယ်…။ ရေးဖို့ချိန်နေတာတော့ ကြာပါပီ…။ ရေးမယ်ရေးမယ်နဲ့… ကြာနေတာပါ။
အရူး လို့ ရင့်ရင့်သီးသီး ချိုးနှိမ်ချင်လို့ သုံးတာ မဟုတ်ပါဘူး။ စိတ္တဇ ခရီးသည်လို့ပြောရမလား ..အင်းးး ခက်ပါတယ်..။ ယဉ်ကျေးတဲ့ အသုံးအနှုန်းက တခါတလေ .. အသုံး မတည့် သလိုပဲ..။ ဒီတော့ ..အရူးလို့ သုံးမိတဲ့ ကိုယ့်ကို နားလည်ပေးပါ။

လောကမှာ အရူးတွေ ဘာကြောင့် ရူးရတာလဲဆိုတာကို ငယ်ငယ်က စာတွေ သေချာဖတ်ခဲ့ဘူးပါတယ်။ ရူးတယ်ဆိုတာ ရူးဖို့ လုံလောက်တဲ့ အကြောင်းရှိရပါမယ်။ ရူးတာ အမျိုးမျိုးရှိပါတယ်။ ဒီထဲကမှ
ကိုယ်တကယ်တွေ့ခဲ့ရတဲ့ သူမလို အဖြစ်မျိုးကိုတော့ ဘယ်သူ့ကိုမှ မဖြစ်စေချင်ခဲ့ပါဘူး။ တကယ်တမ်း တော့ ရူးသွားရှာတဲ့ သူတွေမှာ အပြစ်မရှိရှာပါဘူး။ သူတို့က သားကောင်ဖြစ်သွားခဲ့ရတာကိုး။ အမှန်က လူတယောက်ကို ရူးသွားအောင် ပြုခဲ့သူကို သာ ကိုယ်ကတော့ အပြစ်လို့ ဆိုချင်ပါတယ်..။ သူတို့တွေ ရဲ့ ပယောဂ မကင်းဘူးလို့ ဆိုချင်လို့ပါ။ ကိုယ်ကတော့ ကိုယ့်ကြောင့် သူတပါးကို ဘယ်တော့မှ ဒုက္ခ မပေးခဲ့ဘူးပါဘူး။ ဘယ်တော့မှလဲ ပေးမှာမဟုတ်ပါဘူး။

ရူးကြတာမှ တချို့က ယဉ်ယဉ်လေးရူးတာ.. အတွေးထဲမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာကို တကယ်ပဲ ဖြစ်တော့မဲ့ အတိုင်းရူးတာ
သူဌေးဖြစ်ချင်လို့ ရူးတာ
စွဲလန်းလွန်းလို့ ရူးတာ
လောကဓံ မခံနိုင်လို့ ရူးတာ
ယောင်္ကျားမရလို့ ရူးတာ
ယောင်္ကျား/မိန်းမ နောက်အိမ်ထောင်ပြုသွားလို့ ရူးတာ..
အို……ရူးတာမှ စုံနေတာပဲ..။
ငယ်ငယ်က အဲဒီအရူးတွေ အကြောင်း လိုက်စပ်စု မေးမြန်းခဲ့ဖူးတယ်။ ဝတ္တုတွေဆိုလဲ ရှာဖတ်ပေါ့။ မသိစိတ်နဲ့ သိစိတ် ၂ကိုယ်ခွဲသွားတာတွေ ဖြစ်ချင်တာကို သိစိတ်နဲ့ ပံ့ပိုးမူယူပီး မသိစတ်နဲ့ တကယ်ထင်ယောင်ထင်မှားပုံစံတွေ လုပ်တော့တာပဲ။ အတော်များများ ရူးသွားကြတဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် သနားစရာ ကောင်းလှပါတယ်။ သူတို့နဲ့ ဆက်ဆံရင် ကိုယ်ပါ ရူးချင်ချင် ဖြစ်တတ်ပါတယ်။

အသိဆရာဝန် ကြီးဆို ဆေးရုံမှာ အဲဒီလို လူနာတွေနဲ့ပဲ ပက်သက်တာ နှစ်ချီကြာတော့ သူပါ ရူးချင်သလိုလို ဖြစ်လာလို့ တခြား ပြောင်းလိုက်ရဘူးတယ်။ ဘယ်သူလဲမပြောတော့ပါဘူး။

တကယ်တော့ လူကောင်းနဲ့ အရူး ဆိုတာ အချစ်နဲ့ အမုန်းလိုပါပဲ ပုဝါတလွှာသာ ခြားတာကလား။

ဇာတ်လမ်းအစက ဒီလို….

ဒီအကြောင်းကို မပြောခင်အစက စပြောရမှာပေါ့..လေ။

သူမ...
အရွယ်ကငယ်ငယ် အရပ်ကရှည်ရှည်နဲ့ အချိုးတကျ လှပလွန်းသူ။ မွေးချင်း ၅ယောက်ထဲမှာ အငယ်ဆုံး အချောဆုံး အလှဆုံး အသားအဖြူဆုံး။ အထက်က အမတွေကြားထဲမှာ အကိုတယောက်သာပါပီး သူမက အမေ အရွယ်လွန်ခါနီးမှ မွေးဖွားခဲ့သူ..။

သူမအမေက ၁၆နှစ်နဲ့ ယောင်္ကျားနောက်လိုက်ပြေးလာသူ..။ စီးပွါးရေးက အဆင်မပြေတော့ စာဖတ်ချိန်လဲမရှိ။ ဈေးရောင်းရင်းနဲ့ ရေခဲတုံးယောင်္ကျားရဲ့ တပဲနှစ်ပြားလုပ်စာကို ကျားကန်ပီး တအိမ်လုံးအတွက် ရုန်းကန်နေရသူ..။ သားသမီးက ၅ယောက် လုပ်ရတာ ဖတ်ဖတ်မော..။ အိမ်မှာ သူတို့ ငယ်စဉ်က အသားဟင်းစားရင်တောင် မှ တခါတလေ ။ ဒါတောင် အချိုးကျနဲ့ ။ ဒီလိုဘဝမှာ သူမ ကျင်လည်ခဲ့ရတာ..။ မောင်နှမတွေ တကွဲတပြား..။ အားလုံးက အမျိုးတွေ အိမ်မှာ အလှည့်ကျနဲ့ နေပေမဲ့ သူမနဲ့ သူမအမတယောက် အကို တယောက်သာ အမေနဲ့အတူ နေပီး ဆင်းရဲ အတူ အေးအတူ ပူအမျှ။

သူမအမေက အရမ်းချမ်းသာချင်တယ်။ သမီးလေး အပျိုပေါက်ဖြစ်လာတော့ ရုပ်ကလေးကလဲ ရှိ။ မိန်းကလေးဆိုတာ ပညာတတ်စရာမလို..ရုပ်ရှိရင် ယောင်္ကျားကောင်းရတာပဲ ဆိုပီး ငယ်စဉ်ထဲက မြှောက်ပေးခဲ့တာ။ စာမေးပွဲကျလို့ ဆုံးမမယ်စိတ်မကူးဘူး။ အလှပြင်လို့ ဆုံးမမယ်စိတ်မကူးဘူး။ ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်က အမြင်မတော်လို့ ဆုံးမရင်တောင် ကတ်ကတ်လန် ရန်တွေ့တတ်သေးတာ။ ဒီလိုအမေ နဲ့ လက်ပွန်းတတီး ကြီးပျင်းခဲ့တာ သူမ။ တခြားအမတွေက တခြားပိုက်ဆံရှိတဲ့ အမျိုးတွေ အိမ်မှာဆိုတော့ ထိုက်သင့်တဲ့ အတန်းပညာ အတွေးအခေါ် တွေ အထိုက်အလျောက်ရှိတယ်။

လောကမှာ နေထိုင်မူ ပတ်ဝန်းကျင်က လဲ စကားပြောတယ်ဆိုတာ သူမကိုကြည့်ပီး သံဝေဂတော့ ရမိသား။ သူမ ကျင်လည်ရာပတ်ဝန်းကျင်က အပြိုင်အဆိုင်တွေ စကားတင်းဆိုတတ်တဲ့ ပတ်ဝန်းကျင်ကြား ကြီးပြင်းခဲ့ ရရှာတာလဲ ပါတာပေါ့။ ဒီကြားထဲ ပြင်ပစာပေ ဗဟုသုတကလဲ မကြွယ်ဝ။ ဖတ်ဖို့ အသိလဲ မရှိ ။ ဒီလိုနဲ့ ၉ တန်းကို ၂ခါကျပီး မှအောင် ၁၀တန်းမှာ တစ် နေတော့ သူငယ်ချင်း တယောက် အဆက်အသွယ်နဲ့ ရန်ကုန်မြို့ မြို့ထဲမှာ အရောင်းစာရေးမလေး ဖြစ်လာပါတယ်။ အဲဒီအချိန် သူ့အမေလည်း အရောင်းအဝယ်ကောင်းလို့ အူစိုစို နဲ့ သမီးငယ်အတွက် အဝတ်အစား တွေ လပေးနဲ့ယူပီး ဝယ်ပေး လေရဲ့..။( မြန်မာပြည်မှာ ခရဒစ်ကဒ်က အစထဲက ရှိတာနော်..။ ဟွန်းး စာရင်းစာအုပ်နဲ့ .. ကိုယ်ဆို အဲဒါမျိုး သေချာ မသိဘူး ။ ကြားပဲ ကြားဖူးတာ ဘယ်လိုပေးလဲတော့ အသေအချာမသိ။ မရှိရင်မဝတ်ဘူး အဲလိုတော့ မဝယ်ချင်ဘူး)

သမီးလေး မျက်နှာငယ်မှာ ဆိုးလို့ ထမင်းဗူးကို အပျံစား ထည့်ပေးတယ်။ ဆန်ဆို ကောင်းပေ့ မှစားတဲ့ပုံမျိုး လုပ်ပေးတယ်။ ယုတ်စွအဆုံး ဘဲဥဟင်းချက်ရင်တောင် တခါထည့် ၄လုံး ။အဲလိုမှ မဟုတ်ရင် အမယ်..မရွှေချောက ထမင်းဗူး မယူဘူးဆိုပဲ။ ကိုယ်တို့ဆို အဲလို သိတော့ အံ့လဲ အံ့သြမိတယ်။ နှာခေါင်းလဲ ရှုံမိတယ်။ လူဆိုတာ ဘဝမေ့လို့ မဖြစ်ဘူးလေ။ မအေကလဲ မြှောက်ပေးတယ်။ ငါ့သမီးက သူဌေးကတော် ဖြစ်မှာ…။ ဒီတော့ ကောင်းကောင်းနေကောင်းကောင်းစား။ သမီး ပိုက်ဆံရှိရင် ပျိုပျို အိုအို မစဉ်းစားနဲ့ ။ ပိုက်ဆံရှိဖို့ပဲ လိုတယ်..။ ကြားလား ။။ ရပ်ကွက်ထဲက ကောင်တွေ ကို မစဉ်းစားနဲ့ ဆိုပီး မြှောက် ။သမီးကလဲ ငယ်ငယ်က ဆင်းရဲခဲ့တော့ အရမ်းချမ်းသာချင် ။ ဆွေမျိုးတွေ ကြားမှာ မျက်နှာမော်ချင်။ သူ့အမေက သူ့သမီးကို ဆုံးမပုံက လမ်းလွှဲနေတာ ။ အမျိုးတွေက ပြောရင် နင်တို့က ငါ့သမီးလေး ချမ်းသာမှာကို မနာလိုတာ လားဆိုပီး ကတ်ကတ်လန် ရန်တွေ့..။

(ဖြစ်ရပ်မှန်ဇာတ်လမ်းတခုကို အခြေခံထားပါသည်။)

ဆက်ရန်…

အပြည့်အစုံသို့ »




kitano tenmenguchi temple park (20090320)
အထက်တန်းကျောင်းသား/သူ ကလေးတွေ ဆုတောင်းတဲ့ နာမည်ကြီး ဘုရားကျောင်းပါ။ နောက်များမှ ကျန်တဲ့ပုံတွေ တင်ပေးပါ့မယ်။ Ume ပန်းတွေ ပွင့်တဲ့ အချိန် အနံ့သင်းသင်းလေးတွေနဲ့ လျှောက်သွားခဲ့တုန်းက ပုံလေးပါ..။
ဒီပုံကို ကြည့်ပီး သယ်ချင်းတွေကတော့ သို့လော..သို့လော...
ပုံထဲက တယောက်ဟာ ကိုယ့် ဂျပန်ညီမပါဆိုတာ မယုံကြဘူးးးး.. ကဲ..ဘယ်လိုလုပ်မလဲ..။
တကယ်ပြောတာပါ..ယုံ....နော်။

တခါတလေမှာ..
လူတွေဟာ
အနားမှာ ရှိနေချိန်တွေ
သတိတရ တန်ဖိုးမထားတတ်ကြပေမဲ့...

တကယ်တမ်းးးး
ဝေးးးးသွားတဲ့အခါ..
ဒါမှမဟုတ်..
ကိုယ့်ကို ခင်တဲ့ သူတယောက်ယောက်..
ချစ်တဲ့သူတယောက်ယောက်..
တချိန်ချိန်မှာ အကြောင်းကြောင်းကြောင့်
ဥပေက္ခာ ပြုသွားတဲ့အခါ...
မုန်းသွားတဲ့အခါ..သို့တည်းမဟုတ်
သေဆုံးသွားတဲ့အခါ...
နောင်တရနေတာ အချည်းအနှီးပါပဲ..

အတူရှိနေစဉ် အချိန်တွေကို တန်ဖိုးထားတတ်ပါစေ..။
ကိုယ့်ကြောင့် သူပျော်ရွှင်နေစေဖို့..
ကိုယ့်ကြောင့် သူ စိတ်ချမ်းသာသွားစေဖို့..
ကိုယ့်ကြောင့် သူ အမှတ်တရလေးတွေ ရှိနေစေဖို့...
အတူရှိနေခဲ့တဲ့ အချိန်များစွာကို အကြောင်းမဲ့ မကုန်ဆုံးစေပါနှင့်....

မှတ်ချက်... သူဆိုသည်မှာ ကိုယ်ချစ်ခင်နှစ်သက်သူ မှန်သမျှ..။


အပြည့်အစုံသို့ »

ဒီပုံလေးက ဟိုတနေ့က နာရဘုရားသွားတုန်းက ရိုက်ထားတာပါ...(၂၀၀၉၀၈၀၆)


လေမှာပျံဝဲ..
လေယာဉ်ပျံလေး ဖြစ်ချင်တယ်..။

လေဟုန်ခိုစီး
ငှက်ကလေးလဲ ဖြစ်ချင်တယ်..။

ပန်းကလေးတွေအတွက်
မွှေးရနံ့လေး သင်းပျံ့စေဖို့
လေပြေ လေညှင်းလေးလဲ ဖြစ်ချင်ပါသေးတယ်..။
ဒီပုံလေးကတော့ ဒီနှစ် ချယ်ရီချိန်က ရိုက်ထားတဲ့ပုံပါ..ခုဆူခဝ မြစ်နံဘေးက ပန်းခြံလေးပါ။ (၂၀၀၉၀၃၁၀)



အပြည့်အစုံသို့ »